Freelancer လုပ်ပြီးငွေရှာမယ်

GSA မှာ လာမေးကြတယ် အလုပ်ရှာပေးလား၊ ထိုင်းမှာကျောင်းတက်ရင်း အလုပ်လုပ်လို့ရလားဆိုတဲ့ မေးခွန်းတွေအတွက် ဒီပိုစ့်လေးနဲ့ထပ်ဖြေပေးမယ်နော်.. GSA က အလုပ်မရှာပေးပါဘူးနော်.. ထိုင်းမှာ ကျောင်းတက်ရင်းလည်း တရားဝင် အလုပ်လုပ်လို့မရပါဘူး။
Blue-collar jobs တွေဖြစ်တဲ့ စားသောက်ဆိုင်အလုပ်တို့ အရောင်းသမားအလုပ်တို့တောင်မှ အထောက်အထား အပြည့်အစုံရှိမှ ခေါ်ကြတာပါ၊ ဒါတောင် ထိုင်းစကားတတ်မှအဆင်ပြေမှာပါ။
ဆိုပေမဲ့.. အထောက်အထားလည်းမရှိဘူး၊ ထိုင်းစကားမရဘူး English ပဲရတယ် အတွေ့အကြုံရှိတယ်ဆိုရင်တော့ လုံးဝမရနိုင်တာတော့မဟုတ်ပါဘူး။ နိုင်ငံခြားသားများတဲ့ ကျွန်းတွေ နေရာတွေ၊ ဘန်ကောက်မှာဆို Na Na, Asok , Thong Lo, Ekkamai လို နေရာတွေမှာ ကိုယ်တိုင်သွားရှာကြည့်ပါ။ ရသွားတဲ့သူတွေလည်းရှိကြပါတယ်။ အလုပ်ကံလေးလဲ ပါရမှာပေ့ါ… ရသွားရင်လည်း ဖမ်းခံမထိအောင် သတိတော့ထားပေ့ါ
ကျောင်းပြီးမှ company အလုပ်လုပ်မယ်ဆိုတဲ့ သူတွေကတော့ အလုပ်ရရင် များသောအားဖြင့် company က work permit နဲ့ visa ကိစ္စတွေလုပ်ပေးတာဖြစ်လို့ ပူစရာတော့ သိပ်မရှိပါဘူး။ တစ်ခုရှိတာက white-collar jobs တွေက အပြိုင်အဆိုင်တော့ အရမ်းများပါတယ်။ နယ်ပယ်တိုင်းမှာ တကယ်တော်တဲ့သူတွေ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပြိုင်ပြီး အလုပ်ရှာရတာပါ။
တကယ်လို့ ကိုယ်က အားတဲ့အချိန်မှာအလုပ်လုပ်ပြီး ဝင်ငွေရှာချင်တယ်၊ ဖမ်းခံထိမှာတွေ မထိမှာတွေလည်း စိုးရိမ်မနေချင်ဘူး၊ ကိုယ့်မှာလည်း skill set တွေ အတော်အသင့်ရှိတယ်ဆို freelance jobs တွေလုပ်လို့ရပါတယ်။
အောက်မှာ freelance လုပ်လို့ရတဲ့ website link တွေထည့်ပေးထားပါတယ်။ ဘာတွေလုပ်လို့ရလဲဆိုရင် IT ပိုင်းနဲ့ ပတ်သက်တာတွေရယ် data entry, design & creative, content-writing, copy writing, translation, digital marketing, video editing, voice-over, finance, virtual assistant စတာတွေ အများကြီးရှိပါတယ်။
အရာအားလုံးကတော့ လွယ်မနေဘူးပေါ့.. ကိုယ်တိုင် website တွေထဲ မွှေနှောက်ဝင်ကြည့်ပြီး ကိုယ်လုပ်နိုင်မယ့်ဟာကို ကြိုးစားကြည့်ပါ…

Subscribe Newsletter

Join our mailing list to received the latest scholarships for Myanmar students.