ထိုင်းမှာကျောင်းမတက်ခင်ဘာတွေပြင်ဆင်ထားဖို့လိုလဲ

ကိုယ်နဲ့ မရင်းနှီးတဲ့နေရာတစ်ခုကိုသွားရတော့မယ်ဆိုရင် အစစအရာအရာအဆင်ပြေဖို့အတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

ဒီပိုစ့်လေးကထိုင်းကိုတစ်ခါမှ မရောက်ဖူးတဲ့သူ၊ အိမ်နဲ့ခွဲပြီးတစ်ယောက်ထဲနေရာသစ်ကိုထွက်လာမယ့်သူ၊ အစစအရာရာ နေဖို့ထိုင်ဖို့ သွားလာဖို့အတွက် ကိုယ်တိုင်လုပ်ချင်သူတွေအတွက်ရည်ရွယ်ပါတယ်။

ပထမဦးဆုံးနိုင်ငံခြားမှာကျောင်းတက်ဖို့စဥ်းစားပြီဆိုကတည်းက ဘာတက်ချင်တာလဲ ဘယ်ကျောင်းမှာတက်မှာလဲကအဓိကပါ။ ထိုင်းမှာ international students တွေများတဲ့နေရာက ဘန်ကောက်၊ ချင်းမိုင် ပါ။ ဘန်ကောက်မှာဆိုရင် Chulalongkorn, Mahidol, Thammasat စတဲ့ နာမည်ကြီး public universities တွေရှိသလို Assumption, UTCC, Bangkok University လိုမျိုး public universities တွေလဲရှိတယ်။ ရွေးချယ်စရာ courses တွေ၊ admission requirement ၊ tuition fees စတာတွေကို ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ official website တွေမှာ မွှေနှောက်ပြီးစုံစမ်းလို့ရပါတယ်။ Scholarship လျှောက်ချင်တဲ့သူတွေအတွက်ကတော့ ‌ကျောင်းကပေးတဲ့ scholarship သို့မဟုတ် Non-profit organization တွေကပေးတဲ့ scholarship တွေလျှောက်ကြည့်လို့ရပါတယ်။

ကျောင်းဝင်ခွင့်ရပြီ ကျောင်းအပ်ပြီးပြီဆိုရင်တော့ visa လျှောက်ဖို့ကျောင်းကပေးတဲ့ စာရွက်စာတမ်းရယ်၊ သံရုံးကတောင်းတဲ့စာရွက်စာတမ်းတွေယူပြီး ED visa လျှောက်ပြီးလာလို့ရပါပြီ။

အိမ်ဘယ်လိုရှာမလဲ?

ထိုင်းကိုမလာခင်ကိုယ်နေမဲ့နေရာကိုမြန်မာပြည်မှာကတည်းက အရင်ကြိုရှာထားလို့ရပါတယ်။ Rent Hub, Property Hub တို့လို website တွေမှာဝင်ရှာကြည့်ပါ။

ဘယ်နားမှာနေမှာလဲ?

ကိုယ်ကကျောင်းနဲ့နီးတဲ့နားနေချင်တာလား၊ MRT/BTS နားနေချင်တာလား၊ shopping center နားတွေနေချင်တာလား ကိုယ်နေချင်တဲ့နား ရွေးပြီးရှာလို့ရပါတယ်။ ကိုယ်ကစာပဲလုပ်မယ်၊ ကျောင်းပဲသွားမယ်ဆိုရင်တော့ ကျောင်းနဲ့နီးတဲ့နားပဲနေပါ။ ဘန်ကောက်မှာ လမ်းစရိတ်ကလဲမသေးပါ။ ကျောင်းတက်ရင်းနဲ့ online shop တွေလုပ်မယ် တခြားဟာတွေလုပ်မယ်ဆိုရင်တော့ BTS/MTR နား သို့မဟုတ် ပတူနမ်တစ်ဝိုက် ရွေးချယ်လို့ရပါတယ်။

Condo or Apartment?

နေမဲ့နေရာကိုရွေးပြီးရင်နောက်စဥ်းစားရမှာက ကိုယ်က condo မှာနေချင်တာလား၊ apartment မှာနေမှာလား? ဘာကွာလဲဆိုရင် condo က facilities တွေစုံတယ်၊ swimming pool, gym, co-working space တွေပါတယ်။ kitchen ပါတယ်။ security ကောင်းတယ် ရေဖိုးမီးဖိုးက government rate ပဲ။ ငှားခက 8,000thb – 20,000thb ရှိတယ်။ နေရာနဲ့ အခန်းအကျယ်ပေါ်မှာ မူတည်တယ်။ များသောအားဖြင့် အခန်းငှားပြီဆိုရင် ၂လစာ deposit နဲ့ ၁လစာအခန်းခ ကြိုပေးရတယ်။ စ နေမယ့်လမှာ စုစု‌ပေါင်း ၃လစာပေးရတယ်။ နောက်လတွေမှာတော့ အခန်းခနဲ့ ကိုယ်သုံးသလောက် ရေဖိုးမီးဖိုးပေးရုံပါပဲ။ apartment ကကျတော့ condo မှာလို facilities တွေမပါဘူး၊ kitchen မပါဘူး၊ မြင်အောင်ပြောရမယ်ဆိုရင် ဟိုတယ်အခန်းလိုပါပဲ ရေချိုးခန်း အိမ်သာ ကုတင်၊ မှန်တင်ခုံ၊ စားပွဲ၊ ထိုင်ခုံ လောက်ပဲပါလေ့ရှိတယ်။ ရေဖိုးမီးဖိုးက apartment က သတ်မှတ်ထားတဲ့စျေးပါ။ ငှားခက 4,000thb – 9,000thb လောက်ရှိတယ်။ သူလဲ နေရာရယ် အခန်းအကျယ်ရယ် အခန်းထဲမှာ ထည့်ထားပေးတဲ့ furniture ရယ်ပေါ်မှာမူတည်ပြီးစျေးကွာပါတယ်။ အခန်းငှားမယ်ဆိုရင်တော့ ၁လစာ deposit နဲ့ ၁လစာ အခန်းခ အရင်ပေးရပါတယ်။ condo နဲ့ ဒီမှာ ဘာကွာလဲဆိုရင် apartment က အခန်းခ ရေဖိုးမီးဖိုးအပြင် common fee, parking fee စသဖြင့် လတိုင်းထပ်ပေးရတာမျိုးရှိပါတယ်။

ဒါတွေသိပြီဆိုရင် စောစောကပြောတဲ့ website တွေမှာ ကိုယ်နေချင်တဲ့နားရွေးပြီးရှာပါ။ အခန်းပုံနဲ့ စျေးတွေ တင်ထားပါတယ် ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ် Line ID တွေ တင်ထားတယ်။ တော်တော်များများကလဲ English လိုပြောတတ်ကြပါတယ်။ scammer တွေကိုတော့ သတိထားပေါ့။ listing လုပ်ထားတဲ့သူက verified မဖြစ်ထားတာမျိုးတို့ ဆိုရင်သတိထားပါ။ အခန်းက available ဖြစ်တယ်ဆိုရင် အခန်းပုံတွေထပ်တောင်းကြည့်ပါ။ ရေဖိုး မီးဖိုး ဘယ်လောက်လဲ တခြားဘာစရိတ်တွေထပ်ပေးရမှာလဲ TM 30လုပ်ပေးမှာလား တစ်ခါထဲမေးပါ။ အနည်းဆုံး ဘယ်နလ contract ချုပ်ရမှာလဲ မေးပါ သူက ၆လ ၁နှစ်ပြောပေမဲ့ ကိုယ်က အဲ့လောက်မနေနိုင်ဘူးဆိုရင် ညှိကြည့်ပါ။ ဒီနေရာမှာ တစ်ချို့ကပြောတယ် တစ်လပဲနေလဲရတယ် ဘာcontract မှလုပ်စရာမလိုဘူး deposit လဲ ပြန်ရတယ် အကျင့်မလုပ်နဲ့ဆိုတာမျိုး.. ရတဲ့နေရာလဲ ရရင်ရမှာပါ ဒါပေမဲ့ ကိုယ်ပြောချင်တာက အခုရှုပ်မှနောင်ရှင်း တခါထဲ ရှင်းရှင်းလင်းလင်း သဘောတူညီမှုလုပ်ထားတာအကောင်းဆုံးပါ။ contract မလုပ်ထားရင် TM30 အတွက်စကားပြောရတာမျိုးတို့ဘာတို့လဲ ဖြစ်နိုင်ပါတယ်။

TM30 ဆိုတာ ဧည့်စာရင်းသ‌ဘောမျိုးပါ။ နောက်ပိုင်း visa သက်တမ်းတိုးတာမျိုး၊ 90days report လုပ်တာ၊ လိုင်စင်လုပ်တာ မျိုးတွေမှာ လိုကိုလိုပါတယ်။ ကိုယ်ငှားမဲ့ အိမ်က TM30 မလုပ်ပေးဘူးဆိုရင် မငှားပါနဲ့ ရွေးစရာများပါတယ်။

ပြီးတော့ deposit ပေးရတယ်ဆိုတာက ကိုယ်က ဒီအခန်းမှာ နေတယ် ကိုယ်စနေတဲ့ အခြေအနေအတိုင်း အခန်းပြန်အပ်ရမှာပါ။ တခုခုပျက်စီးတာမျိုးဆို ပြင်ဆင်ခကို deposit ထဲကနှုတ်မှာပါ၊ ကျန်တာကတော့ သန့်ရှင်းရေးခ၊ ကိုယ်သုံးခဲ့တဲ့ ရေဖိုးမီးဖိုး နှုတ်ပြီး ၂ပတ်ကနေ ၁လအတွင်း ပြန်ရပါတယ်။ ဒါကြောင့် ကိုယ်စနေတဲ့ နေ့ကတည်းက အခန်းပုံ၊ ခြစ်ရာ၊ အစွန်းကွက်တွေရှိရင် ဓါတ်ပုံရိုက်ထားပါ။ ကိုယ့်ကြောင့်မဟုတ်ပဲဖြစ်ထားတဲ့ဟာတွေအတွက် deposit ထဲကနှုတ်ထားရင် သက်သေပြနိုင်အောင်ပါ။

နေဖို့အတွက်ရှာပြီးပြီဆိုတော့ ထိုင်းကိုလာဖို့ လေယာဥ်လက်မှတ်ဘယ်လိုဝယ်မလဲ..

ကိုယ့်ဘာကိုယ်ဝယ်ချင်သူတွေအတွက် အလွယ်ဆုံးကတော့ Agoda, Trip.com တို့လိုနေရာတွေကဝယ်ပါ အရမ်းလွယ်ပါတယ်။ သွားမဲ့နေရာ သွားမဲ့ရက်ကိုရွေးလိုက်တာနဲ့ Airlines တွေနဲ့ ticket price တွေကျလာလိမ့်မယ် ကိုယ်အဆင်ပြေတဲ့ အချိန်နဲ့ စျေးကိုရွေးပြီး ဝယ်လိုက်ရုံပါပဲ။ နိုင်ငံခြားဘဏ်ကဒ်တွေမရှိသေးလဲ မြန်မာက JCB  card နဲ့လဲ ပေးလို့ရပါတယ်။

ကိုယ်နဲ့အတူဘာတွေ ယူသွားရမလဲ?

အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့  identity card တွေပါ၊ passport ၊ မှတ်ပုံတင်၊ ကိုယ်ရထားတဲ့ ဘွဲ့လက်မှတ် certificate၊ ကျွန်တော်ကတော့ ဒါတွေကို soft copy လဲသိမ်းထားပါတယ် မူရင်းတွေကိုလဲ ဖိုင်ထဲထည့်ပြီးယူခဲ့ပါတယ်။ ကိုယ့်အတွက် ID နဲ့ ထမင်းစားလက်မှတ်တွေက အရေးအကြီးဆုံးပဲမှတ်လား။ နောက်တစ်ခုက ပိုက်ဆံပါ။ ကျန်တဲ့ အဝတ်အစားအသုံးအဆောင်တွေကတော့ ထိုင်းမှာလဲ အလွယ်တကူဝယ်လို့ရတာကြောင့် လိုအပ်သလောက်ပဲ သယ်ပါတယ်။ ဒါကတော့ ခရီးသွားတဲ့အခါကျရင် အတက်နိုင်ဆုံးပေါ့ပေါ့ပါးပါးပဲ သယ်ချင်တဲ့ကိုယ်တစ်‌ယောက်ထဲရဲ့အမြင်ပါ။

စာလဲတော်တော်ရှည်သွားပြီ လိုအပ်တာတွေလဲ သိပြီဆိုတော့ အဆင်ပြေကြမယ်လို့ထင်ပါတယ်။ ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့အတွက်နဲ့ တခြားသိချင်တာလေးတွေရှိရင် comment မှာ ရေးခဲ့ပေးပါ။

ဒါနဲ့ အခုရေးထားတဲ့ဟာတွေကိုယ်တိုင်လုပ်ဖို့အတွက် အခက်အခဲရှိသူတွေ၊ အချိန်မ‌ပေးနိုင်တဲ့သူများက Get Study Aid ရဲ့ အောက်ပါ service များယူလို့ရပါတယ်။

  • ကျောင်းအပ်ပေးခြင်း
  • ကျောင်းလခပေးသွင်းပေးခြင်း
  • Visa document ပြင်ဆင်ပေးခြင်း
  • အိမ်ရှာပေးခြင်း
  • လေယာဥ်လက်မှတ်ဝယ်ပေးခြင်း
  • လေဆိပ်ကနေအိမ်/ဟိုတယ် အကြိုအပို့
  • Bank account ဖွင့်ပေးခြင်း

Subscribe Newsletter

Join our mailing list to received the latest scholarships for Myanmar students.