ထိုင်းကို 14 ရက် Visa Free နဲ့လာပြီး 1လ E-extension တိုးကြမယ်

ထိုင်းကို 14 ရက် visa free နဲ့လာပြီး ၁လ extension တိုးချင်တာဖြစ်ဖြစ်၊ tourist visa ကနေ extension ၁လထပ်တိုးချင်တာဖြစ်ဖြစ်ဆိုရင် online ကနေလျှောက်လို့ရတဲ့ e-extension visa တိုးနည်းလေး ပြောပြပါမယ်။

E-extension က website ကနေ ကိုယ့်ရဲ့အချက်အလက်တွေဖြည့်ထားပြီး Appointment ရတဲ့နေ့ကြမှ immigration office မှာ တုံးသွားထုရုံပါပဲ။ တစ်ခါတိုးရင် ၁လသက်တမ်းရမှာဖြစ်ပြီး အများဆုံး ၃ခေါက်ထိတိုးလို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင်..

ဒီ website https://thaiextension.vfsevisa.com/ မှာ အောက်က လိုအပ်တဲ့ စာရွက်စာတမ်း PDF or JPG သွားတင်ရပါမယ်..

  • Passport bio page
  • Passport cover
  • Visa pages
  • အဝင်တုံးထုထားတဲ့စာမျက်နှာ
  • သံရုံးထောက်ခံစာ
  • Photo 4×6 cm
  • Visa fee
  • TM30

ဒါတွေ တင်ပြီးသွားရင် ကိုယ့် passport မှာ e-extension တုံးထုမဲ့ရက်ကိုရွေးပြီး ရက်ချိန်းယူရပါမယ်။ ပြီးရင်တော့ ကိုယ့် email ထဲကို PDF file တွေပြန်ပို့လာပါလိမ့်မယ်။ အဲ့ဒါတွေအကုန်လုံးကို print ထုတ်ပြီး ဓာတ်ပုံကပ်၊ စာရွက်တိုင်းကို လက်မှတ်ထိုးပြီး appointment ရထားတဲ့နေ့မှာ Immigration Office Department, Government Complex 3rd Floor ကိုသွားပြီး e-extension တုံးထုပြီးရင် ရပါပြီ။

ဒါတွေကို ကိုယ့်ရဲ့လက်ရှိ visa သက်တမ်း မကုန်ခင် အနည်းဆုံး ၇ရက် အလိုမှာတင်ထားတာကောင်းပါတယ်။ နို့မို့ရင် အမြန်ကြေးတွေ၊ super urgent fee တွေ immigration ကိုထပ်ပေးနေရပါမယ်။

Immigration service fees တွေက (e-extension တိုးတဲ့အတွက် immigration ကို ‌ပေးရတဲ့ fees တွေပါ)

  • Regular Service (၇ ရက်အတွင်း) : 1900 + 500 THB = 2400 THB
  • Express Service (၃ ရက်အတွင်း) : 1900 + 1500 THB = 3400 THB
  • Super Urgent (online ကတင်ပြီးနောက်ရက်): 1900+5000 THB = 6900 THB

ကိုယ်တိုင်လုပ်ဖို့အခက်အခဲရှိသူများနှင့် အချိန်မပေးနိုင်တဲ့သူများအတွက် Get Study Aid ရဲ့ service များယူနိုင်ပါတယ်ရှင်။ Service fees တွေကအောက်မှာပါရှင့်…

  • သံရုံးထောက်ခံစာယူ = 500 THB (သံရုံးကိုသွင်းရတဲ့ ဘတ် ၁၅၀ အပါ)
  • E-extension တိုး service = 1500 THB (website တင်ပေးခြင်း၊ စာရွက်စာတမ်းပြင်ဆင်ပေးခြင်းအပြင် လူကိုယ်တိုင် immigration ကိုလိုက်ပေးပါတယ်။ service အပ်တဲ့သူက appointment နေ့ကျမှ immigration ကို လူချည်းသပ်သပ်လာရုံပါပဲ)

အားလုံး အဆင်ပြေကြပါစေ…

Subscribe Newsletter

Join our mailing list to received the latest scholarships for Myanmar students.