ဘန်ကောက်မှာသွားလာဖို့အတွက်ဆိုရင် Public transportation သုံးလို့ရတယ်၊ grab taxi, meter taxi, ဆိုင်ကယ်ကယ်ရီငှားလို့ရတယ်၊ ကိုယ်တိုင်လဲ ကား ဆိုင်ကယ် ဝယ်စီးလို့ရတယ်။ ကား ဆိုင်ကယ်ဝယ်ဖို့ရော driving license လုပ်တာရော လွယ်ပါတယ် ကိုယ့်ဘာကိုယ်လဲ လုပ်လို့ရတယ်။
Public Transportation ဆိုရင် ရထား (MRT, BTS) ရှိတယ်၊ bus ရှိတယ်၊ လှေစီးလို့ရတယ်။ စျေးလဲ taxi တို့ ဆိုင်ကယ်တို့ ငှားတာလောက် စျေးမကြီးပါဘူး။ ရထားကတော့ bus ထက်စာရင် စျေးနည်းနည်းပိုကြီးတယ်၊ ဒါမဲ့ ပိုမြန်တယ်။ MRT or BTS station တွေကိုသွား လက်မှတ်ဝယ်တဲ့ ကောင်တာမှာ သွားချင်တဲ့နေရာပြောပြီးဝယ်၊ မဟုတ်လဲ ticket machine တွေမှာ သွားမယ့်နေရာကိုရွေး ကျသလောက်ကို အကြွေစေ့ထည့် ထွက်လာတဲ့ ticket card ကိုယူ။
Bus ကတော့ စျေးသက်သာပေမဲ့ အချိန်အရမ်းကြာပါတယ်။ air-con bus ဆိုရင် ကိုယ်သွားမယ့် မှတ်တိုင်ပြောရတယ် အကွာဝေးပေါ်မူတည်ပြီး ပေးရတယ် များသောအားဖြင့်ကတော့ 10-25ဘတ် လောက်ပါပဲ။ ရိုးရိုး bus ကတော့ မှတ်တိုင်ပြောစရာမလိုဘူး ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်ရင် bell တီးပြီး ဆင်းရုံပဲ စျေးက ၈ဘတ် ၁၀ဘတ်လောက်ပဲရှိတယ်။
Taxi စီးမယ်ဆိုရင်တော့ လမ်းမှာတွေ့တဲ့ taxi လက်တားပြီးငှားလို့ရတယ်၊ မီတာနဲ့ဆိုတော့ ကျသလောက်ပေးရုံပဲ တစ်ခုရှိတာက ကိုယ်သွားမဲ့ နေရာကို ကားဆရာနားလည်အောင် သေချာပြောတတ်ရမယ်။ မဟုတ်ရင် သူနားလည်တာတခြား ကိုယ်သွားချင်တာတခြားနဲ့ အချိန်ကုန်ငွေကုန်ဖြစ်တတ်တယ်။ နောက်တစ်ခုသတိထားရမှာက taxi တွေက မီတာဖွင့်မောင်းရမှာပါ။ အဲ့လိုမဟုတ်ပဲ သူက စျေးတစ်ခုပြောတယ်ဆိုရင်တော့ တကယ်ကျသင့်တဲ့စျေးထက် ၂ဆ ၃ဆလောက် ပိုကြီးနေတတ်ပါတယ်။ ငှားမလားမငှားဘူးလားကတော့ ကိုယ့်စိတ်ကြိုက်ပေါ့၊ နောက်ပြီး ကိုယ်က ကားပေါ်ရောက်မှ မီတာပိတ်မောင်းနေတာမျိုးတွေလဲ ဖြစ်တက်ပါတယ် ကားစငှားကထဲက မီတာနဲ့လားဆိုတာမေးပါ (မမေးတက်ရင် မီတာ ဒိုင့်မိုင် လို့သာမေးလိုက် J)။ ပြီးတော့ မီတာနဲ့လဲ ဖြစ်ပါရဲ့နဲ့ တချို့ကားဆရာတွေက ပတ်မောင်းတက်ကြပါတယ်၊ ဂျင်းထည့်မခံရလေအောင် google map ဖွင့်ထားပါ။ သွားနေတဲ့နေရာမှန် မမှန်ကိုယ်တိုင်လဲ ကြည့်နေပေ့ါ။ အဲ့လိုတွေ ခေါင်းမစားချင်ဘူး ဘာသာစကားအခက်ခဲကြောင့်လဲ စကားမပြောချင်ဘူး သွားချင်တဲ့နေရာပဲ သက်တောင့်သက်သာသွားချင်တယ်ဆိုရင် Grab, Bolt, In-Drive လိုမျိုး app တွေသုံးပါ။ ကိုယ်သွားမဲ့နေရာရွေး၊ ကိုယ့်ကိုလာကြိုမဲ့နေရာရွေးပြီး ခေါ်လိုက်ရုံပဲ လှည့်ပတ်လဲ ခေါ်မသွားဘူး၊ နေရာလဲ မမှားဘူး၊ စကားလဲ ပြောစရာလဲမလိုဘူး။ စျေးကတော့ မီတာtaxi နဲ့စာရင် နည်းနည်းတော့ ကြီးတက်တယ်။ ဒါမဲ့ ဂျင်းထည့်တာတို့ အာရုံနောက်တာတို့တော့ မခံရဘူးပေါ့။ တခုခုဆိုလဲ complaint ပြန်တက်လို့ရတယ် ပစည်းကျန်ခဲ့တာမျိုးရှိလည်း history မှာ ပြန်ကြည့်လို့ရနေတော့ ပြန်ဆက်သွယ် ပြန်လိုက်လို့လွယ်တယ် (မကျန်ခဲ့ရင်တော့ ကောင်းတာပေ့ါ ကိုယ့်ပစည်းကိုယ် ဂရုစိုက်ပါ)။
ဆိုင်ကယ်ငှားရင်လဲ တူတူပါပဲ။ မြန်မာက ဆိုက်ကားဂိတ်တွေလိုမျိုး ဆိုင်ကယ်ဂိတ်တွေမှာသွားငှားလို့ရတယ်။ မဟုတ်ဘူးဆိုလဲ စောစောက ပြောတဲ့ app တွေကနေ ဆိုင်ကယ်ခေါ်လို့ရတယ်။ စျေးက ကားထက်စာရင် သက်သာတယ်။ လမ်းပိတ်လဲ ကားကြားတွေကနေမောင်းကြတာဆိုတော့ ပိုမြန်တယ်။ နေပူ လေပူဒဏ်တော့ ခံရမယ်။ ဘန်ကောက်က ဆိုင်ကယ်သမားတော်တော်များများကလဲ ရှယ်မောင်းကြတာဆိုတော့ ဂရုတော့စိုက်၊ စီးနေကြဆိုရင်တော့ အေးဆေးဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ ဆိုင်ကယ်ပေါ်မတက်ခင် ဆိုင်ကယ်ဦးထုပ်ပါလား အရင်မေးတယ် (သူဆောင်းထားတဲ့ ဆိုင်ကယ်ဦးထုပ်ကို လက်ညိုးထိုးပြပြီး “အာနီး မီမိုင်ခ/ခပ်” လို့မေးလိုက် J) ။ ဆိုင်ကယ်ဦးထုပ်မပါရင် ဖမ်းတာမျိုးနဲ့ တခါတလေ ကြုံရတက်ပါတယ်။ ဖမ်းခံထိရင် ဒဏ်ငွေဆောင်ရတယ်။ ဖမ်းခံထိလို့ ဒဏ်ကြေးပေးရရင် တချို့ဆိုင်ကယ်ဆရာတွေကတော့ ဧည့်သည်ဆီကမတောင်းပါဘူး၊ စိတ်မကောင်းဖြစ်လို့ ကိုယ်ကပေးချင်တယ်ဆိုလဲ သဘောပေ့ါ။
App တွေအကြောင်းနည်းနည်းပြောချင်ပါတယ်။ ကျွန်တော် အသုံးများတာက grab, bolt ပါ ကျန်တဲ့ line man, in-drive တို့လိုနဲ့တခြားဟာတွေလဲ ရှိပါသေးတယ်။ Grab ကတော့ သုံးတဲ့သူရော လိုက်တဲ့ကား, ဆိုင်ကယ်ရော များပါတယ်၊ map, location, လမ်းကြောင်းတော်တော်တိကျတယ်၊ grab customer service လဲကောင်းတယ်။ နေရာတော်တော်များများမှာခေါ်လို့ရတယ်။ ဒါမဲ့ သူက စျေးအကြီးဆုံးပဲ။ နောက်တစ်ခု Bolt app ကတော့ Grab နဲ့ ယှဥ်ရင် စျေးသက်သာတယ်။ ကားငှားဖို့အတွက်ကတော့ တချို့မြို့နယ်တွေမှာဆိုရင် ခေါ်မရတာမျိုးရှိတက်တယ်။ ဆိုင်ကယ်အတွက်ခေါ်မယ်ဆိုရင်တော့ မြန်လဲမြန် စျေးလဲ သက်သာတယ်။ တခြား app တွေလဲရှိတယ် ဒါမဲ့ အသုံးနည်းကြတော့ ကားခေါ်မရတာ ဆိုင်ကယ်ခေါ်မရတာ စောင့်ရတာကြာတာမျိုးတွေရှိပါတယ်။ ဒါက ဘန်ကောက်မြို့တွင်းအတွက်ပြောတာပါ။ တစ်ချို့မြို့တွေဆိုရင် ဥပမာ မဲဆောက်မှာဆိုရင်တောင် grab တစ်မျိုးထဲ ရှိပါသေးတယ်။
နောက်ဆုံးမှာချင်တာက နေရာတစ်ခုသွားတော့မယ်ဆို google map ကို နာနာကြည့်ပါ။ သွားမယ့်နေရာနားဘာရှိလဲ၊ ဘာနဲ့သွားမှာလဲ အချိန်ဘယ်လောက်ကြာလဲ ကားနဲ့သွားရင် အချိန်ဘယ်လောက် ဆိုင်ကယ်နဲ့ သို့ bus နဲ့ဆို အချိန်ဘယ်လောက် ကြည့်ပြီး ကြိုပြင်ဆင်ပါ။ Google map မှာပဲ public transportation နဲ့သွားမယ်ဆို ဘာတွေစီးလို့ရလဲ တစ်ခါထဲကြည့်လို့ရတယ်နော်။ အရမ်း accurate ဖြစ်ပါတယ်။ ကျွန်တော်စရောက်တုန်းကတော့ transportation အတွက်အသုံးဝင်မဲ့ app မျိုးစုံ download ထားခဲ့တာ တကယ်သုံးတော့ Google map တစ်မျိုးထဲနဲ့ကို အဆင်ပြေတယ်။ ဦးနှောက်ရော ဖုန်းmemory ရောမရှုပ်တော့ဘူး၊ ကျွန်တော့်တစ်ယောက်ထဲရဲ့အမြင်ပါ။
ဘန်ကောက်မှာ သွားလာဖို့အတွက်ပိုစ့်လေးကို ဒီမှာပဲရပ်လိုက်ပါရစေ။
Join our mailing list to received the latest scholarships for Myanmar students.